
အာဆီယံ ပြည်သူ့ ဂုဏ်ပြုဆု (ASEAN Peoples’ Award) သည် အာဆီယံ အသိုက်အ၀န်း တည်ထောင်ရေးတွင် မိမိနိုင်ငံအတွက် အမျိုးသားရေးစိတ်ဓာတ် တက်ကြွစွာ ကြိုးပမ်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံချင်းစီမှ လူပုဂ္ဂိုလ်/ အဖွဲ့အစည်းများကို ဂုဏ်ပြု ချီးမြှင့်သည့် ဆုဖြစ်ပါသည်။ ယင်းအာဆီယံ ပြည်သူ့ ဂုဏ်ပြုဆု (ASEAN Peoples’ Award)ကို မြန်မာနိုင်ငံမှ ပါရမီစားပွဲဝိုင်းအဖွဲ့ (Parami Roundtable Group) တည်ထောင်သည့် ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စု CEO ဦးပြည့်ဝထွန်းက တက်ရောက် လက်ခံရယူခဲ့ပါသည်။ ယင်းအခမ်းအနားသို့ စင်ကာပူနိုင်ငံမှ Polytechnic ၊ ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် ဟွန်ဆန်၏သား တည်ထောင်ထားသော Union of Youth Federations of Cambodia (UYFC) နှင့် အခြား အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ရွေးချယ်ခံရသူများ တက်ရောက်၍ ဆုလက်ခံရ ယူခဲ့ကြောင်း သိရှိရပါသည်။
(Photo credit: ASEAN Secretariat)
