ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စု၏ Rural Education Programme အစီအစဉ်အရ နိုင်ငံတ၀ှမ်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အခက်အခဲမရှိ ပညာသင်ကြားနိုင်ရေး ထောက်ပံ့ ကူညီလျက်ရှိသည့်အနက် အဆိုပါ ကျောင်းသားများ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း တန်ဘိုးထား တတ်စေရန်အတွက် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောက်ရှိရပ်နား လျက်ရှိသော Solar Impluse 2 လေယာဉ်အား မတ်လ (၂၁) ရက်နေ့ နံနက်ပိုင်း၌ သွားရောက် လေ့လာနိုင်စေရန် ပါရမီစွမ်းအင် ကုမ္ပဏီ CSR လှုပ်ရှားမှုတစ်ခုအဖြစ် စီစဉ်ဆောင် ရွက်ပေးခဲ့ပါသည်။
အဆိုပါ လေ့လာရေး ခရီးစဉ်တွင် မန္တလေးနှင့် စစ်ကိုင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူ ၁၈၀ နှင့် ဆရာ/ဆရာမ ၁၂ ဦး လိုက်ပါခဲ့ကြပြီး နေရောင်ခြည် စွမ်းအင်သုံးလေယာဉ်ကို လေ့လာခဲ့ကြသည့်အပြင် လေယာဉ်မှူးများ အပါအ၀င် အဆိုပါ Solar Impluse 2 နှင့်ပတ်သက်သည့် တာဝန်ရှိသူများထံ သိလိုသည့် ဗဟုသုတများကိုလည်း မေးမြန်းခဲ့ကြပါသည်။ ဘကကျောင်းသားများက အင်္ဂလိပ်ဘာသာဖြင့် စိတ်ဝင်တစား တိုက်ရိုက် မေးမြန်းမှုများကို နေစွမ်းအင်သုံး လေယာဉ်တာဝန်ရှိသူများက လှိုက်လှဲစွာ ချီးကျူးခဲ့ကြသည်ကိုလည်း အားရကျေနပ်ဖွယ် ရာတွေ့မြင်ကြပါသည်။ ဆွစ်ဇာလန်သံရုံးမှ တာဝန်ရှိသူများကလည်း ဘကကျောင်းသားများ၏ အရည်အသွေးကို အံ့အားသင့်ရကြောင်း ပြောကြားသွားခဲ့ပါသည်။
“ ဒီလို လေယာဉ်မျိုးကို အနာဂတ်မှာ ဘကကျောင်းသားတစ်ဦးက တီထွင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဓိက အနေနဲ့ ကတော့ လောင်စာဆီ တစ်စက်မှမပါဘဲ နေ့ရောညပါ ပျံသန်းနိုင် တဲ့လေယာဉ်မျိုးကို တီထွင်သူတွေရဲ့ ကမ္ဘာမြေကို ထားတဲ့စေတနာ ကို ကျောင်းသား/ကျောင်းသူတွေ မြင်သိ သွားစေချင် တာဖြစ်ပါတယ် ” ဟု ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စုမှ CSR တာဝန်ရှိသူတစ်ဦး က ပြောကြား ပါသည်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး Solar Impluse 2 လေယာဉ် သမိုင်းဝင် ခရီးစဉ်အဖြစ် ကမ္ဘာတစ်ပတ် ကီလိုမီတာ ၃၅၀၀၀ ခရီးရှည်အား ငါးလကျော်ကြာ ပျံသန်းမည့် အစီအစဉ်အတွင်း ဘကကျောင်း သား/ ကျောင်းသူများ လာရောက် လေ့လာနိုင်စေရန် ဆွစ်ဇာလန်သံရုံးမှ ယဉ်ကျေးမှုတာဝန်ခံ Ms. Corinne HISIVCITOZ နှင့် ပါရမီစွမ်းအင် ကုမ္ပဏီများအုပ်စုမှ CEO ဦးပြည့်ဝထွန်းတို့ ညှိနှိုင်းစီစဉ်မှုအရ ဘကကျောင်းသား/ ကျောင်းသူ ၁၈၀ အား တန်ဘိုးရှိသည့် လေ့လာရေး ခရီးစဉ်တို့အား ပါရမီစွမ်းအင်၏ CSR အစီအစဉ်အရ အောင်မြင်စွာ ဆောင် ရွက်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။