ပါရမီစွမ်းအင်မှ “မြန်မာပြည်အတွက် ပါရမီဂတ်(စ်)” မီဒီယာစကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

Parami LPG Media Roundtable

ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုက ဒီဇင်ဘာလ (၁၂) ရက်နေ့တွင်စတင်ကာ သဘာဝ​ရေနံဓာတ်ငွေ့ရည် (Parami LPG ) နှင့် ပတ်သတ်၍ ‘မြန်မာပြည်အတွက် ပါရမီဂတ်(စ်)’ မီဒီယာစကားဝိုင်းဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့၊ ဆာကူရာတာဝါရှိ ပါရမီစွမ်းအင်ရုံးချုပ်တွင် ဒီဇင်ဘာလ (၁၀) ရက်နေ့က ပြုလုပ်ခဲ့သည်။

အခမ်းအနားကို ဖိတ်ကြားထားသော ပြည်တွင်း၊ ပြည်ပမီဒီယာများအပါအ၀င် ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စု၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်၊ တာဝန်သိလူမှုစီးပွားရေးဌာန မန်နေဂျာ၊ ပါရမီ LPG မှ အထွေထွေ မန်နေဂျာ နှင့် ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုမှ ၀န်ထမ်းများ တက်ရောက်ခဲ့ကြသည်။

Parami LPG Media Roundtable - CSR Manager

ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စု၏ တာဝန်သိလူမှုစီးပွားရေးဌာန- မန်နေဂျာ ဦးအောင်မျိုးရှိန်က “ LPG ကို ထင်းအစားထိုး လောင်စာအနေနဲ့ လုပ်ကိုင်သွားနေရင် အထူးသဖြင့် ကျေးလက်ဒေသမှာ နေ့စဉ်သုံးစွဲနေရတဲ့ ထင်းလောင်စာအတွက် သစ်တောပြုန်းတီးမှုတွေကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ပါရမီစွမ်းအင်အနေနဲ့ အခုနှစ်၊ ဒီဇင်ဘာလ (၉) ရက်နေ့က ရှမ်းပြည်နယ်၊ ပအိုဝ်ကိုယ်ပိုင်  အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ထင်းအစားထိုး ၊ လူထုမီးဖိုဆောင် (Community Kitchen) ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒါဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ ခရီးရှည်ကြီးရဲ့ ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ အဲဒါကို မကွေးတိုင်းနဲ့ ကယားပြည်နယ်တွေ ဆက်လက်ဖော်ဆောင်ဖို့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ကမ်းလှမ်းထားပါတယ်”  ဟု ပြောကြားသည်။

မီဒီယာစကားဝိုင်းဆွေးနွေးပွဲတွင် ဦးအောင်မျိုးရှိန်က LPG (သဘာဝရေနံဓာတ်ငွေ့ရည်) တစ်နည်း Cooking Gas အား အသုံးပြုခြင်းဖြင့် မြန်မာ ပြည်တွင် သစ်တောပြုန်းတီးမှုကို လျှော့ချရာတွင်လည်းကောင်း၊ လျှပ်စစ်မီး သုံးစွဲမှုတွင် အစိုးရမှ စိုက်ထုတ်ကုန်ကျမှုကို လျှော့နည်းသက်သာစေရာတွင်သော်လည်းကောင်း များစွာ အထောက်အကူပြုနိုင်မည့် အကြောင်း ကို မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။

Parami LPG Media Roundtable - CEO U Pyi Wa Tun

အလားတူ ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စု၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးပြည့်ဝထွန်းက ပါရမီစွမ်းအင်အနေနှင့် ပြည်တွင်းဈေးကွက်အတွင်း ဘေးကင်းလုံခြုံစိတ်ချရသော LPG -ရေနံဓာတ်ငွေ့ရည်အိုး များကို ဖြန့်ဖြူးရာတွင် တီထွင်ဆန်းသစ်မှုရှိပြီး လူမှုစီးပွားရေးအသွင်ဆောင်သော Innovative and Social Business အနေဖြင့် အိမ်ထောင်ရှင်မများအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် နည်းလမ်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း မီဒီယာများ ရှင်းလင်းပြောကြားခဲ့သည်။

ပါရမီစွမ်းအင်အနေဖြင့် ဒိန်းမတ်နည်းပညာသုံး LPG – Liquefied Petroleum Gas (ရေနံဓာတ်ငွေ့ရည်) ဖြည့်သွင်းထုပ်ပိုးသည့် စက်ရုံ အား တည်ဆောက်ထားပြီး  LPG အိုး တစ်သိန်းခွဲကျော်ကို ထိုင်းနိုင်ငံ SMPC မှ ပြည်တွင်းသို့ တင်သွင်းထားကာ 5 kg နှင့် 12.5 kg ပမာဏရှိ LPG -ရေနံဓာတ်ငွေ့ရည်အိုးများကို ဈေးကွက်အတွင်း ဖြန့်ချီသွားမည်ဖြစ်သည်။

ယခုနှစ်အတွင်း အိမ်ထောင်စုပေါင်း (၁)သိန်းခွဲနီးပါးကို ဖြန့်ဖြူးပေးသွားရန်နှင့် လာမည့် ၂၀၂၀ တွင် အိမ်ထောင်စုပေါင်း နှစ်သန်းနီးပါးအထိ ဖြန့်ဖြူးပေးသွားနိုင်ရန် ရည်မှန်းထားသည်။

ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုအနေနှင့် လာမည့် ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် နိုင်ငံတကာအဆင့်မှီစနစ်ဖြင့် ထုတ်လုပ်ပြီး စိတ်ချယုံကြည်စွာ အသုံးပြုနိုင်မည့် “မိသားစုမီးဖို​ဆောင်သုံးဂတ်(စ)” မိတ်ဆက်ခြင်း အခမ်းအနား ကို ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ Park Royal ဟိုတယ်၌ နံနက် ၉နာရီခွဲမှ ၁၁ နာရီခွဲအထိ ကျင်းပပြု လုပ်သွားမည်ဖြစ်သည်။